Skip to content

Files icon

ဖိုင်များ

ချိတ်ဆက်ထားသော စက်နှင့် ဖိုင်များ ကူးယူလွှဲပြောင်းနိုင်သော နေရာ ဖြစ်ပါသည်။ embedded FTP ကို အသုံးပြုထားပါသည်။ Embedded FTP စနစ်သည် ဖိုင်များ ကူးယူလွှဲပြောင်းခြင်းကို local connection ဖြင့် စက်အချင်းချင်း တိုက်ရိုက်ချိတ်ဆက်၍ ပြုလုပ်သောကြောင့် ဒေတာများကို offline ကူးယူလွှဲပြောင်းနိုင်ပါသည်။ ထို့ကြောင့် ဖိုင်ကူးနှုန်းသည် Wi-Fi စက်၏ စွမ်းဆောင်ရည် အပေါ်မှာသာ မူတည်ပြီး အင်တာနက်လိုင်းနှင့် မသက်ဆိုင်ပါ။

မှတ်ချက်

unecrypted FTP ဖြစ်သောကြောင့် ဤ feature ကို အိမ်သုံး Wi-Fi ကဲ့သို့ စိတ်ချရသော ကွန်ရက်များတွင်သာ အသုံးပြုပါ။ အသေးစိတ်ကို အမေးများသော မေးခွန်းများ တွင် ကြည့်ရှုပါ။

FTP Features များ

FTP features အများစုကို ထောက်ပံ့ပေးထားသောကြောင့် FTP client app အများစုနှင့် တွဲဖက် အသုံးပြုနိုင်ပါသည်။ ဖိုင်နှင့် folder များကို download လုပ်နိုင်၊ upload လုပ်နိုင်၊ ကူးယူ ရွှေ့ပြောင်းနိုင်၊ ဖျက်နိုင်၊ နာမည်ပြင်ဆင်နိုင်၊ အသစ်ဖန်တီးနိုင်ပါသည်။

အထူး Feature များ

  • ဗီဒီယို အပါအဝင် ဖိုင်များကို download ပြုလုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
  • Download, upload နှင့် ကူးယူရွှေ့ပြောင်းရာတွင် pause / resume ပြုလုပ်နိုင်ပါသည်။

ဖိုင်များ ကို ဘယ်လို စဖွင့်ရမလဲ?

FTP အခြေအနေ ကို ဖွင့်ပြီး သုံးနိုင်ပါသည်။ FTP ဆက်တင်များ ပြင်ဆင်ခြင်း လည်း ပြုလုပ်နိုင်ပါသည်။ FTP အခြေအနေ က ဖွင့်ထားပါသည် ဟု ပြလျှင် ဖိုင်နှင့် folder များ ပေါ်လာပါမည်။

အခြား FTP client apps များနှင့် ဘယ်လိုချိတ်ရမလဲ?

FTP client ကို ‌ထောက်ပံ့ပေးထားသော File manager apps များကို သုံးပြီး ချိတ်ဆက်နိုင်ပါသည်။

အခြား FTP client apps များနှင့် ချိတ်ဆက်လိုလျှင် FTP ဆက်တင်များ တွင် ရှိသော အချက်အလက်များအတိုင်း ထည့်သွင်း ချိတ်ဆက်နိုင်ပါသည်။

  • ချိတ်ဆက်ရာတွင် FTP protocol ကို ရွေးချယ်ပါ။
  • Host / Hostname / Server နေရာတွင် IP address ကို ထည့်ပါ။ ဥပမာ - 192.168.11.22
  • Port နံပတ် ထည့်ပါ။ ပုံမှန် port နံပတ်မှာ 2121 ဖြစ်ပါသည်။
  • Username နှင့် password ထည့်ပါ။ စကားဝှက် မလိုသောစနစ် ကို ဖွင့်ထားလျှင် username နေရာတွင် anonymous ထည့်ပြီး password ထည့်စရာ မလိုပါ။
  • Mode / Transfer mode နေရာတွင် FTP ဆက်တင်များထဲက အတိုင်း Passive သို့မဟုတ် Active ပြောင်းပါ။
  • Encoding ကို UTF-8 ပြောင်းပါ။

ဖိုင်တွေကို ဘယ်လို တိုက်ရိုက်ဖွင့်ကြည့်ရမလဲ?

ဖိုင်များကို တိုက်ရိုက်ကြည့်ရှုနိုင်ရန် Android 8.0 နှင့် အထက် လိုအပ်ပါသည် (ချိတ်ထားသော စက်ကို ဆိုလိုခြင်း မဟုတ်ပါ)။

တိုက်ရိုက်ဖွင့်ကြည့်လိုသော ဖိုင်ကို နှိပ်ပြီး ကြည့်နိုင်ပါသည်။ ဗီဒီယို ဖိုင်များကိုလည်း download ပြုလုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

ဖိုင်တွေ ဘယ်လို ကူးယူလွှဲပြောင်းရမလဲ?

  • ဖိုင်များ၊ folder များ ဖန်တီးရန်၊ upload ပြုလုပ်ရန် ညာဖက်အောက်ထောင့်ရှိ + အပေါင်းခလုတ်ကို နှိပ်ပါ။
  • ဖိုင်များ၊ folder များကို download ပြုလုပ်ရန်၊ ကူးယူရွှေ့ပြောင်းရန်၊ နာမည်ပြင်ရန်၊ ဖျက်ရန် ဖိုင်၏ ညာဖက်ဘေးရှိ menu ခလုတ်ကို နှိပ်ပါ။

FTP ဆက်တင်များ ပြင်ဆင်ခြင်း

Files icon

FTP ဆက်တင်များ များ ပြင်ဆင်ရန် ဆက်တင်ပုံကို နှိပ်ပါ။ If FTP အခြေအနေ ကို ဖွင့်ထားလျှင် ပိတ်ပြီးမှ ပြင်ဆင်ပါ။

ဆက်တင်ရှင်းလင်းချက်မူလအခြေအနေ
စကားဝှက် မလိုသောစနစ်username/password မလိုသော စနစ်ပိတ်ထားသည်
UsernameFTP ချိတ်ရာတွင် သုံးသည်admin
PasswordFTP ချိတ်ရာတွင် သုံးသည်ကျပမ်း နံပတ် ၆ လုံး
PortFTP ချိတ်ရာတွင် သုံးသည်2121
Root folderချိတ်ထားသော စက်မှ Root folder ဖြစ်ပါသည်။ စိတ်ကြိုက် folder များ လည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။Internal storage
အရံ root folderRoot folder ကို သုံးမရလျှင် အရံ folder ကို သုံးပါမည်။/storage/emulated/0
Passive modeဖွင့်ထားလျှင် client ဖက်က ချိတ်ဆက်မှု စသည်။
ပိတ်ထားလျှင် ဆာဗာဖက်က ချိတ်ဆက်မှု စသည်။
ဖွင့်ထားသည်
Read သီးသန့်စနစ်ဖွင့်ထားလျှင် ဖိုင်နှင့် folder များကို ဖွင့်၊ ဖတ်၊ download ပြုလုပ်ရုံသာ လုပ်နိုင်ပါမည်။ upload လုပ်ခြင်း၊ အသစ်ဖန်တီးခြင်း၊ ရွှေ့ပြောင်း ပြင်ဆင်ခြင်း၊ ဖျက်ခြင်းတို့ မလုပ်နိုင်ပါ။ပိတ်ထားသည်
စိတ်ကြိုက် folder များ
PathInfo
/storage/emulated/0Android version အများစုတွင် အသုံးပြုနိုင်သော default user 0 အတွက် Internal storage root folder ဖြစ်ပါသည်
/sdcardAndroid version အားလုံးနီးပါးတွင် အသုံးပြုနိုင်သော Internal storage legacy root folder ဖြစ်ပါသည်
/storage/emulated/999MIUIDual apps များအတွက် အသုံးပြုသော Internal storage root folder ဖြစ်ပါသည်
/storage/emulated/10MIUISecond space အတွက် အသုံးပြုသော Internal storage root folder ဖြစ်ပါသည်
အခြား စိတ်ကြိုက် folder path များလည်း ထည့်နိုင်ပါသည်သည်ဥပမာ - /storage/emulated/0/Movies

အမေးများသော မေးခွန်းများ

  • ကိုယ့် Wi-Fi ကို ချိတ်မထားတဲ့ သူတွေက ဒီ FTP server ကို လှမ်းချိတ်လို့ ရလား?

မရပါဘူး။ local network အတူတူ (Wi-Fi အတူတူ) ချိတ်ထားတဲ့ သူတွေကသာ FTP server ကို ချိတ်ဆက်နိုင်မှာပါ။ ချိတ်ထားတဲ့ Wi-Fi မတူရင် ဖိုင်တွေကို ကြည့်လို့ မရပါဘူး။

  • တခြား FTP client apps တွေနဲ့ ချိတ်ရင် username နဲ့ password လိုသလား?

စကားဝှက် မလိုသောစနစ် ဖွင့်မထားဘူးဆိုရင် username နဲ့ password လိုပါတယ်။ ချိတ်ဆက်ဖို့အတွက် IP address နဲ့ port နံပတ်လည်း လိုပါတယ်။

  • FTP server ကို ဖွင့်/ပိတ် လို့ ရလား၊ username နဲ့ password ပြောင်းလို့ရော ရလား?

ရပါတယ်။ FTP ဆက်တင်များ ထဲမှာ အချိန်မရွေး ဖွင့်/ပိတ် ပြင်ဆင်နိုင်ပါတယ်။