Wireless ADB စနစ်ကို computer နဲ့ ဘယ်လိုဖွင့်ရမလဲ?
ထိုစနစ်သည် reboot ချလိုက်လျှင် ပြန်ပိတ်သွားသည်ကို သတိပြုစေလိုပါသည်။
အဆင့် ၁။ USB Debugging ကို ဖွင့်ပါ
ချိတ်မည့်စက်တွင် USB debugging ကို ဖွင့်ရပါမည်။ အသေးစိတ်ကို USB Debugging ဘယ်လိုဖွင့်ရမလဲ? တွင် ကြည့်ရှုပါ။
အဆင့် ၂။ adb ကို computer တွင် ထည့်သွင်းပါ
SDK Platform Tools ကို computer တွင် download ဆွဲပါ။
ဒေါင်းပြီးလျှင် zip ဖြည်ပါ။ အထဲမှာ
platform-tools
folder ပါလာပါမည်။Terminal (သို့မဟုတ် Powershell) ကို ဖွင့်ပြီး zip ဖြည်ထားသော
platform-tools
folder သို့ directory ချိန်းပါ။ ဥပမာ -powershellcd C:\Users\YourUserName\Downloads\platform-tools
shcd /Users/YourUserName/Downloads/platform-tools
shcd /home/YourUserName/Downloads/platform-tools
ပြီးလျှင် adb command အလုပ် လုပ်/မလုပ်ကို အောက်ပါအတိုင်း စစ်ဆေးနိုင်ပါသည်။
sh./adb version
Android Debug Bridge version ...
ဟု ပြလျှင် ရပါပြီ။
အဆင့် ၃။ Wireless ADB စနစ် ဖွင့်ပါ
ချိတ်မည့် စက်ကို USB ကြိုး ထိုးပြီး computer နှင့် ချိတ်ဆက်ပါ။
ဖွင့်ထားသော terminal တွင် အောက်ပါ command ကို run ပါ။
sh./adb devices
ဤနေရာတွင် ချိတ်ထားသော စက်စာရင်းများ တွေ့ရပါမည်။ ချိတ်ထားသော စက်တွင် USB Debugging authorization dialog တက်လာလျှင် OK (သို့) Allow ကို နှိပ်ပါ။
Wireless ADB စနစ် ဖွင့်ရန် အောက်ပါ command ကို run ပါ။
sh./adb tcpip 5555
restarting in TCP mode port: 5555
ဟု ပြလျှင် ရပါပြီ။
ဂုဏ်ယူပါသည် 🎉၊ ဤစက်ကို IP Address နှင့် port နံပတ် 5555
ကို သုံးပြီး ADB Remote app နှင့် ချိတ်ဆက်နိုင်ပါပြီ။
အောက်ပါ command ကို run ပြီး ချိတ်ထားသော စက်မှ IP Address ကို ကြည့်နိုင်ပါသည်။
./adb shell 'ifconfig wlan0 | grep "inet "'
./adb shell 'ifconfig eth0 | grep "inet "'