Skip to content

File Manager app by Xiaomi guide

Preview

  1. Xiaomi က ထုတ်သည့် File Manager app (Global version) ကို ဖွင့်ပါ။ Install မလုပ်ရသေးလျှင် Play Store မှတဆင့် install လုပ်နိုင်ပါသည်။

    မှတ်ချက်

    Xiaomi ၏ China ROM တွင် မူလက ပါရှိသော File Manager app သည် FTP client မပါသောကြောင့် အသုံးမပြုနိုင်သေးပါ။ Global version ဖြစ်မှသာ သုံးနိုင်ပါသည်။ အကယ်၍ ဖုန်းသည် China ROM ဖြစ်နေပါက File Manager Global version ကို Play Store မှတဆင့် install ပြုလုပ်နိုင်ပါသည်။

  2. ဘယ်ဖက်ရှိ Navigation drawer ကို ဖွင့်ပြီး Remote ကို နှိပ်ပါ။

  3. Add remote device ကို နှိပ်ပြီး FTP ကို ရွေးပါ။

  4. အောက်တွင် ပြထားသော စာမျက်နှာ ပေါ်လာပါမည်။ Mode နှင့် Encoding options များ ပေါ်စေရန် More ကို နှိပ်ပါ။

    Config

    FTP ဆက်တင်များ တွင် ရှိသော အချက်အလက်များ အတိုင်း ထည့်သွင်းပါ။

    • Host နေရာတွင် IP address ကို ထည့်ပါ။ ဥပမာ - 192.168.11.22
    • Port နေရာတွင် port နံပတ်ထည့်ပါ။ ပုံမှန် port နံပတ်မှာ 2121 ဖြစ်ပါသည်။
    • Username နှင့် password ထည့်ပါ။ စကားဝှက် မလိုသောစနစ် ကို ဖွင့်ထားလျှင် Anonymous checkbox ကို မှန်ခြစ် ခြစ်ပါ။
    • Mode နေရာတွင် FTP ဆက်တင်များထဲက အတိုင်း Passive သို့မဟုတ် Active ရွေးပါ။
    • Encoding ကို Auto မှ UTF-8 သို့ ပြောင်းပါ။
  5. Show name နေရာတွင် နှစ်သက်ရာ နာမည်တစ်ခု ရေးပြီး OK ကို နှိပ်ပါ။