ဘယ်လို ချိတ်ရမလဲ?
ADB Remote app ကို အသုံးပြုနိုင်ရန် ချိတ်ဆက်မည့် စက်တွင် Wireless ADB စနစ် ဖွင့်ထားရပါမည်။ ပထမအကြိမ် ချိတ်ပြီးလျှင် နောက်ထပ် ထပ်လုပ်ရန်မလိုတော့ပါ၊ အလိုအလျောက် ချိတ်ဆက်သွားပါလိမ့်မည်။
မှတ်ချက်
Android TV နှင့် Android box အများစုက USB Debugging ဖွင့်ပြီးလျှင် Wireless ADB စနစ် အလိုအလျောက် ပွင့်ပြီးသား ဖြစ်ပါသည်။ ဖုန်းနှင့် tablet များတွင်မူ ထိုစနစ်ကို အလိုအလျောက် ဖွင့်မထားပါ။ ထို့ကြောင့် ဖုန်းအချင်းချင်း ချိတ်ဆက်လိုလျှင် Wireless Debugging စနစ် ကို သုံးပါ။ Computer ရှိလျှင် Wireless ADB စနစ်ကို computer နဲ့ ဘယ်လိုဖွင့်ရမလဲ? တွင် ကြည့်ရှုပါ။
အဆင့် ၁
ချိတ်မည့် ဖုန်းနှင့် ချိတ်မည့်စက် ကို WiFi တစ်ခုတည်းမှာ ချိတ်ထားပါ။
အဆင့် ၂
VPN ချိတ်ထားလျှင် ဖြုတ်ပါ။
အချို့ ဖုန်းများတွင် VPN ချိတ်ထားလျှင် ADB server ချိတ်မရ ဖြစ်တတ်ပါသည်။
အဆင့် ၃
မှတ်ချက်
ချိတ်မည့်စက်က ဖုန်း (သို့မဟုတ်) tablet ဖြစ်လျှင် Wireless Debugging စနစ် ကို သုံးပြီး ချိတ်ပါ။
Android TV / box တွင် USB Debugging ကို ဖွင့်ရပါမည်။ ဖွင့်ပြီးသားဖြစ်လျှင် ကျေးဇူးပြု၍ အဆင့် ၄ ကို ကျော်ကြည့်ပေးပါ။
- Android TV မှ Settings ကို ဖွင့်ပြီး Device Preferences ကို နှိပ်ပါ။
- About သို့မဟုတ် About TV ကို နှိပ်ပါ။
- Build (သို့) Android TV OS build (သို့) Model (သို့) Software version ကို ၇ ကြိမ် နှိပ်ပါ။
No need, you are already a developer
ဟု ပေါ်လာလျှင် ရပါပြီ။
- Device Preferences အထိ back ပြန်ထွက်ပြီး Developer options ထဲကို ဝင်ပါ။
- USB debugging ကို ဖွင့်ပါ။
မှတ်ချက်
- ချိတ်မည့်စက်က Mi TV ဖြစ်လျှင် Settings > Security ထဲမှ ADB debugging ကိုလည်း ဖွင့်ရန် လိုပါသည်။ အသေးစိတ်ကို Mi TV တွေမှာ ADB debugging ဘယ်လိုဖွင့်ရမလဲ? တွင် ကြည့်ရှုပါ။
- ချိတ်မည့်စက်က Tanix W2 (သို့) G96 Max ဖြစ်လျှင် Wireless ADB ကို WADB app သုံးပြီး ဖွင့်ရန် လိုပါသည်။ အသေးစိတ်ကို Wireless ADB ကို WADB app သုံးပြီး ဘယ်လိုဖွင့်ရမလဲ? တွင် ကြည့်ရှုပါ။
အဆင့် ၄
ချိတ်ထားသော WiFi သို့မဟုတ် Ethernet ၏ IP Address ကို ယူရပါမည်။ Wi-Fi နှင့် Ethernet (LAN cable ကြိုး / Wired connection) နှစ်မျိုးလုံးနှင့် ချိတ်ဆက်နိုင်ပါသည်။ ယူနည်းကို သိပြီးသားဖြစ်လျှင် ကျေးဇူးပြု၍ အဆင့် ၅ ကို ကျော်ကြည့်ပေးပါ။
- Settings ကို ပြန်ဖွင့်ပြီး Network and Internet ကို နှိပ်ပါ။
- Wi-Fi ဖြင့် ချိတ်လျှင် ချိတ်ထားသော WiFi ကို နှိပ်ပါ။
- 192.168.x.x ဖြင့် စသော IP Address ကို မှတ်ထားပါ။
Ethernet ဖြင့် ချိတ်လျှင်လည်း 192.168.x.x ဖြင့် စသော Ethernet IP Address ကို မှတ်ထားပါ။
အဆင့် ၅ (နောက်ဆုံးအဆင့်)
ဖုန်းမှ ADB Remote app ကို ဖွင့်ပါ။ IP Address နေရာတွင် Android TV/box မှ IP Address ကို ထည့်ပါ။ Port နေရာတွင် 5555 ထည့်ပါ။ ပြီးလျှင် ချိတ်ဆက်ရန် ခလုတ်ကို နှိပ်ပါ။.
Android TV အများစုက ADB server ကို TCP port 5555 တွင် အလုပ် လုပ်ပါသည်။
ချိတ်မရသော ပြဿနာများ ဖြေရှင်းခြင်း
"ချိတ်ဆက်မည့်စက်တွင် USB Debugging ကို ခွင့်ပြုပေးပြီး ပြန်ချိတ်ပါ" လို့ ပြနေရင် ဘယ်လိုလုပ်ရမလဲ??
အဲ့လိုပြနေရင် ချိတ်မည့်စက်မှာ "Allow USB debugging?" ဆိုတဲ့ dialog လေး ပေါ်လာပါမယ်။ Always allow from this computer ကို အမှန်ခြစ် ခြစ်ပြီး OK/Allow ကို နှိပ်ပါ။ ပြီးလျှင် ADB Remote app ထဲက Connect ခလုတ်ကိုပဲ ပြန်နှိပ်ပါ။
"ချိတ်ဆက်မှု အချိန်ကျော်လွန်သွားပါသည်" လို့ ပြနေရင် ဘယ်လိုလုပ်ရမလဲ?
- ချိတ်မည့်စက်မှာ USB debugging ဖွင့်ထားလား စစ်ဆေးပါ။ ပြီးတော့ ထည့်ထားတဲ့ IP Address မှန်/မမှန် ပြန်စစ်ပါ။
- ယခုဖုန်း နှင့် ချိတ်ဆက်မည့် စက် ၂ ခုလုံးကို Reboot/restart လုပ်ပါ။ Wi-Fi စက်ကိုလည်း ပါဝါ အပိတ်၊ အဖွင့် ပြန်လုပ်ပါ။
- ချိတ်မည့်စက်က Android version 11 နှင့် အထက် ဖြစ်ပြီး developer options ထဲတွင် Wireless debugging ပါလျှင် Wireless Debugging စနစ် ဖြင့် ချိတ်ကြည့်ပါ။
- Computer ရှိလျှင် Wireless ADB စနစ်ကို computer နဲ့ ဘယ်လိုဖွင့်ရမလဲ? တွင် ကြည့်ရှုပြီး ချိတ်ဆက်နိုင်ပါသည်။
- အထက်ပါ နည်းလမ်းများနှင့် ဖြေရှင်း၍ မရပါက ဤနေရာမှတဆင့် ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
IP address အမြဲတမ်း ပြောင်းနေရင် ဘယ်လိုလုပ်ရမလဲ?
- Wi-Fi IP ကို ဘယ်လို အသေ ထားရမလဲ? တွင် ကြည့်ရှုပါ။
Wireless ADB ကို WADB app သုံးပြီး ဘယ်လိုဖွင့်ရမလဲ?
WADB app ကို ချိတ်မည့်စက် (Android TV or box) တွင် install လုပ်ပါ။
- Play Store - https://play.google.com/store/apps/details?id=moe.haruue.wadb
- Direct link - https://apps-aab69a.gitlab.io/wadb.apk
WADB app ကို ဖွင့်ပါ။ ပြီးလျှင် Enable wireless adb နှင့် Start on boot ၂ ခုလုံးကို ဖွင့်ပါ။
မှတ်ချက်
WADB app ကို အသုံးပြုလျှင် root ရှိရန် လိုအပ်ပါသည်။ အချို့ Android TV နှင့် Android box များမှာ root ဖောက်ပြီးသား ဖြစ်သောကြောင့် ဤနည်းလမ်းနှင့် သုံး၍ရနိုင်ပါသည်။
- RikkaApps မှ ဖန်တီးထားသော WADB app သည် ADB Remote app နှင့် သက်ဆိုင်ခြင်း မရှိပါ။
Mi TV တွေမှာ ADB debugging ဘယ်လိုဖွင့်ရမလဲ?
Settings ကို ဖွင့်ပြီး Security ထဲကို ဝင်ပါ။
ADB debugging ကို Deny မှ Allow သို့ ပြောင်းပါ။
မှတ်ချက်
မေးမြန်းအကြံပြုစရာ ရှိပါက ဤနေရာမှတဆင့် ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။